ကန် လေဆင်နှာမောင်းတွေကြောင့် ၁၇ ဦး သေ

  • 28 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လေဆင်နှာမောင်းကြောင့် ပျက်စီးသွားတဲ့ အိမ် ၂ လုံး

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ လေဆင်နှာမောင်း အချို့ ဝင်မွှေသွားတဲ့ အတွက် အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွား ခဲ့ရပါတယ်။

သေဆုံးသူ အများစုဟာ အာကန်ဆော ပြည်နယ်က ဖြစ်ပြီး၊ လေဆင်နှာမောင်း တစ်ခုကြောင့် ပြည်နယ် မြို့တော် Little Rock ရဲ့ ဆင်ခြေဖုံး ဒေသဘက်မှာ ကီလိုမီတာ ၆၀ လောက် အထိ ပျက်စီးသွားခဲ့ပါတယ်။

နောက်ထပ် လေဆင်နှာမောင်း တစ်ခု ကတော့ ပြည်နယ်ချင်း ကပ်ရပ် အိုကလာဟိုးမား ပြည်နယ်က Quapaw မြို့ကို ဝင်တိုက် သွားခဲ့ရာ အဲဒီမှာ အနည်းဆုံး တစ်ဦး သေဆုံးသွားပါတယ်။

အဲဒီနောက်မှာ ကန်ဆက်စ် ပြည်နယ်ထဲ ဝင်မွှေခဲ့ရာမှာ လူအတော်များများ ဒဏ်ရာရခဲ့ပြီး အဆောက်အဦးတွေ၊ ယာဉ်တွေလည်း ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ