လူမျိုးခွဲမှုနဲ့ ဘတ်စ်ကတ်ဘောသင်းက ထုတ်

  • 30 ဧပြီ 2014
Clippers ဓာတ်ပုံ မူပိုင် AP
Image caption Clippers အသင်းကို ထောက်ခံမှုကျ

အမေရိကန် အမျိုးသား ဘတ်စ်ကတ်ဘော အသင်းကြီးက Los Angeles က Clippers အသင်း ပိုင်ရှင်ကို လူမျိုးစွဲ မုန်းတီးရေး စကား ပြောကြားမှုနဲ့ ရာသက်ပန် ထုတ်ပယ် လိုက် ပါတယ်။

Donald Sterling ကို Clippers အသင်းကရော အမျိုးသား အသင်းချုပ်ကပါ ထုတ်ပယ်တဲ့ အပြင် ပွဲကြည့်ခွင့်ပိတ်တာနဲ့ ဒေါ်လာ ၂ သန်းခွဲ ပါ ဒဏ်တပ်ခဲ့ပါတယ်။

ကစားပွဲထဲကို လူမည်းတွေ ခေါ်မလာဖို့ မစ္စတာ စတားလင်းက အမျိုးသမီး တယောက်ကို ပြောဆိုသံပါတဲ့ အခွေ ပေါ်ထွက်လာပြီးနောက် စီးပွားရေး လုပ်ငန်းရှင် အတော်များများက Clippers အသင်းကို ထောက်ခံမှုတွေ ရုပ်သိမ်းခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ