စစ်အေးကာလ ပုံစံ ပိတ်ဆို့မှု ရုရှား ရှုတ်ချ

  • 29 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption Slavyansk မြို့ အုပ်ချုပ်ရေးရုံးကို စောင့်နေတဲ့ ရုရှားလိုလားသူ လက်နက်ကိုင် တစ်ဦး

ယူကရိန်းကို မတည်မငြိမ် ဖြစ်စေတဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပတို့က ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်ခဲ့တဲ့ အပေါ် ရုရှားက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အမေရိကန်တို့ရဲ့ စစ်အေးခတ် ကာလ ပုံစံမျိုး ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ရုရှားရဲ့ ခေတ်မီ နည်းပညာရပ် အပိုင်းတွေမှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ ရီယာကော့က ပြောပါတယ်။

ဥရောပသမဂ္ဂ အီးယူဟာ ဝါရှင်တန်ရဲ့ စေခိုင်းမှုအတိုင်း လိုက်လုပ်နေတာ ဖြစ်လို့ ရှက်စရာ ကောင်းတယ်လို့လည်း ရုရှားက ပြောပါတယ်။

အစောပိုင်းက အီးယူရဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ခံရသူ လူသစ် ၁၅ ဦးထဲမှာ ရုရှား ဒုတိယ ဝန်ကြီးချုပ်လည်း ပါဝင်ပါတယ်။

ဒါပေမယ့် အီယူးရဲ့ အရေးယူမှုကို ခံရသူတွေကတော့ အမေရိကန်က ဒဏ်ခတ်ခဲ့တဲ့ လူတွေလို အထင်ကရ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလို့ လေ့လာ သူတွေက ထောက်ပြကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ