အရှေ့ယူကရိန်း လူဟန့်စ်မြို့တိုက်ခိုက်ခံရ

  • 29 ဧပြီ 2014
ukraine_luhansk_ ဓာတ်ပုံ မူပိုင် Reuters
Image caption လူဟန့်စ်မြို့ရှိ ရဲရုံး တိုက်ခိုက်ခံရ

ယူကရိန်း ရှိ ရုရှ လိုလားတဲ့ အုပ်စုတွေ က အရှေ့ ယူကရိန်း ရှိ လူဟန့်စ် မြို့ က အစိုးရ ရုံးတွေ ကို ဝင်ရောက် စီးနင်း အပြီး မှာ ရဲဌာန ကို လည်း ရိုင်ဖယ်တွေ ပစ်ခတ် တိုက်ခိုက် ကြပါတယ်။မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိကြပါဘူး။

အခုလို မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိတဲ့ အတွက် အရှေ့ဘက်ဒေသ က လုံခြုံရေး ရဲဝန်ထမ်း အများစု ဟာ ပြည်သူတွေ ကို ကာကွယ် နိုင်စွမ်း မရှိလို့ ဒေါနက်စ် နဲ့ လူဟန့်စ် မြို့မှာ လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ အသစ်တွေ ထပ်မံ ခန့်အပ် လိုက်ပါပြီ။ အယ်လ်ဖါ လို့ အမည်ပေးထားတဲ့ အထူးတပ်ဖွဲ့ သစ် ဖြစ်ပါတယ်။ ဒါအပြင်၊ ဒေါနက်စ် နဲ့ လူဟန့်စ် မြို့တွေ က ပြည်ထဲရေး ဆိုင်ရာ အကြီးအကဲတွေ ကို ရာထူး က ဖြုတ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာန ကို တောင်းဆို လိုက်ပါပြီ လို့ ယာယီသမ္မတ အိုလက်ဇန်းဒါး တူချီနော့ဖ် က ပြောပါတယ်။

ယူကရိန်း အရှေ့ဘက် က မြို့တွေ ကို စီးနင်းသိမ်းပိုက်မှု တွေ နဲ့ ပတ်သက်ပြီး ရုရှ အစိုးရ ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီ က ထပ်မံ သတိပေး လိုက်ပါတယ်။ ရုရှအနေနဲ့ ရွေးချယ်စရာ လမ်းတွေ ရှိပါတယ်။ ယူကရိန်းနိုင်ငံ ငြိမ်းချမ်းပါစေ။ ခိုင်မာတဲ့ ယူကရိန်း နိုင်ငံ ဖြစ်အောင်၊ အမေရိကန် နဲ့ လက်တွဲ ဖန်တီးပေးကြရအောင်ပါ။ ယူကရိန်းဟာ ကျားကွက် နယ်ရုပ် မဟုတ်ပါဘူး။ အရှေ့နဲ့ အနောက်ကြား မှာ တွန်းလိုက် ဆွဲလိုက် ခံနေရတဲ့ နိုင်ငံ အစား၊ နှစ်ဘက် စီးပွားရေး ပေါင်းကူးပေးတဲ့ အနေအထားဖြစ်ပါစေ။ အမေရိကန်နဲ့ မဟာမိတ်တွေ ကတော့ ယူကရိန်း ဘက် ကနေ ရပ်တည် အားပေး သွားမှာဘဲ လို့ မစ္စတာ ကယ်ရီ က ပြောတာပါ။

ပြီးခဲ့တဲ့ ရက်က အမေရိကန် ဘက်ကနေ ရုရှ အစိုးရ အရာရှိ တွေ နဲ့ စီးပွားရေး ကုမ္ပဏီ တွေ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်သလို လန်ဒန် မှာ ပြုလုပ်တဲ့ အမေရိကန် ဥရောပ သမဂ္ဂ နဲ့ ယူကရိန်း နှီးနှောဖလှယ်ပွဲ မှာ ဖြုတ်ချခံ ယူကရိန်း ဝန်ကြီးချုပ် ဗစ်တာ ယာနူကိုဗစ်ချ် ၊ နိုင်ငံတော် ဘဏ္ဍာတွေ ဘီလီယံ ရာနဲ့ချီပြီး ခိုးထုတ် သွားတာ ကို ဖေါ်ထုတ် အရေးယူရေး ဆွေးနွေးကြပါတယ်။ တကယ်တော့ လက်တွေ့ မှာ မလွယ်ပါဘူး။ အမေရိကန် ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဟာ ဥရောပ သမဂ္ဂ နဲ့ စာရင် ထိရောက်မှု ရှိပေမဲ့ ရုရှဘက် ကလည်း တုံပြန်ဉီးမှာ မို့ နှစ်ဘက်ကြားမှာ စစ်အေးကာလ အတွင်း မှာ ဖြစ်သလို သံကလကာ ပြန်ပေါ် နိုင်တဲ့ အကြောင်း ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် က ပြောပါတယ်။