Xinjiang ရထား ဘူတာရုံ ပေါက်ကွဲမှု

  • 30 ဧပြီ 2014
china ဓာတ်ပုံ မူပိုင် Reuters
Image caption တင်းမာမှု တွေနဲ့ Xinjiang ပြည်နယ်

တရုတ် နိုင်ငံ အနောက်ပိုင်း Xinjiang ပြည်နယ်က ရထား ဘူတာရုံ တခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၃ ယောက် သေဆုံးကာ လူ ၈ဝ လောက် ထိခိုက် ဒဏ်ရာ ရရှိ သွားပါတယ်။

တရုတ် အစိုးရ သတင်း ဌာန တွေ အဆို အရ ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီး အကြမ်းဖက် သမား တွေက လူတွေကို ဓားနဲ့ လိုက်ရန်ရှာ တိုက်ခိုက် တယ်လို့ ဆိုပါတယ်။

ဒေသခံ ဝီဂါ မွတ်ဆလင် မျိုးနွယ် တွေနဲ့ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားနေတဲ့ Xinjiang ပြည်နယ်တွင်း တရုတ် သမ္မတ ရှီကျင်ပင်း ခရီးစဉ် အဆုံးသတ်ချိန် မှာပဲ ပြည်နယ် မြို့တော် Urumqi က ဘူတာ မှာ ပေါက်ကွဲမှု ဖြစ်ပွား တာပါ။

သမ္မတ ခရီးစဉ် အတွင်း မစ္စတာ ရှီက တရုတ် အစိုးရ အနေနဲ့ အကြမ်းဖက် မှု ပပျောက်ရေး ကြိုးစား အားထုတ် သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ