မော်စကို မေဒေး ချီတက်ပွဲ သိန်းကျော် ပါဝင်

  • 1 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရင်ပြင်နီကို ချီတက်နေတဲ့ ရုရှား လူထု

ရုရှား နိုင်ငံမှာ ၁၉၉၁ မတိုင်ခင် ဆိုဗီယက် ယူနီယံ မပြိုကွဲခင်က မော်စကိုမြို့ ရင်ပြင်နီမှာ တွေ့မြင်နေကျ အလုပ်သမားနေ့ အခမ်းအနားကို ပြန်လည် အသက်သွင်းတဲ့ မေဒေး ချီတက်ပွဲကို အလုပ်သမား တစ်သိန်းကျော် ပါဝင်ခဲ့ကြပါတယ်။

လက်ရှိ အာဏာရ United Russia ပါတီဝင် တွေလည်း သမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အတူ စီတန်း လှည့်လည်ခဲ့ကြပါတယ်။

တချို့က ဆိုဗီယက် အလံတွေ၊ သမ္မတ ပူတင် မှန်တယ်လို့ ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင် ဝှေ့ယမ်းခဲ့ကြပါတယ်။

မေဒေးနေ့ဟာ ဆိုဗီယက် ပြက္ခဒိန်မှာ အရေးပါတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ