အဘူဂျာမြို့စွန် ကားဂိတ်မှာ ဗုံးကွဲပြန်

_nigeria_bomb ဓာတ်ပုံ မူပိုင် AP
Image caption အဘူဂျာမြို့စွန်က ဗုံးကွဲမှု

နိုင်ဂျီးရီးယား မြို့တော် အဘူဂျာ ရဲ့ ဘတ်စ်ကားဂိတ် စခန်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ ပါတယ်။ အရင်လထဲ တုန်းကလည်း အဲဒီ့ ကားစခန်းမှာ ပဲ ဗုံးကွဲပြီး၊ လူတွေ သေဆုံး ခဲ့ပါသေးတယ်။ အစောပိုင်းက ထွက်ပေါ် လာခဲ့တဲ့ သတင်းတွေ အရ၊ အခု အကြိမ် မှာလည်း၊ လူ အတော်များများ သေဆုံး သွားတယ် လို့ ဆိုပါတယ်။

အဘူဂျာ မြို့တော် ရဲ့ ဆင်ခြေဖုံး Nyanya ဂိတ်စခန်း မှာ လူ ၂၀ လောက် ရဲ့ အလောင်း တွေ တွေ့ခဲ့တယ် ဆိုပြီး၊ မျက်မြင် သက်သေ တစ်ဦးက၊ ဘီဘီစီ ကို ပြောပါတယ်။

ဖေါက်ခွဲခဲ့ တဲ့ ပုံစံဟာ၊ ကားဗုံးခွဲတာ လို့ ဆိုသူတွေ ရှိပေမယ့်၊ အတည်မပြု နိုင်သေးပါဘူး။

ဗုံးပေါက်ကွဲမှုကို ကိုယ်တိုင် ကြုံခဲ့ရသူ တစ်ဦးက၊ ပေါက်ကွဲမှု ဖြစ်စဉ် သူလဲကျသွားခဲ့ပြီး၊ သူ့ဘေးနား ရပ်နေခဲ့တဲ့ သူနဲ့ ညီအစ်ကို တော်စပ်သူရဲ့ ဦးခေါင်းမှာ ဒဏ်ရာရသွားတယ် ဆိုပြီး၊ ပြောပါတယ်။

အဲဒီ့ ကားစခန်းမှာ လွန်ခဲ့တဲ့ နှစ်ပတ် ဗုံးကွဲတုန်းက၊ လူ ၇၀ သေဆုံးခဲ့ပါတယ်။ အဲဒီ့အကြိမ်တုန်းက အစ္စလာမ် အစွန်းရောက် အုပ်စု Boko Haram က၊ သူတို့လက်ချက် ဆိုပြီး၊ ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ