လိင်ပိုင်း ပုံတွေနဲ့ ငွေညှစ်တဲ့အဖွဲ့ ဖိလစ်ပိုင်မှာ ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိလစ်ပိုင် ဆိုက်ဘာပြစ်မှု ဌာန အကြီးအကဲ သတင်းစာ ရှင်းလင်းစဉ်

ကမ္ဘာတဝန်း ချိတ်ဆက်ပြီး ဝက်ဘ်ကမ် တွေကနေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပုံတွေ ရယူပြီး လူတွေကို ငွေညှစ် အကျပ်ကိုင်တဲ့ လူပေါင်း ၆၀ နီးပါး ပါဝင်တဲ့ အဖွဲ့ကို ဖိလစ်ပိုင်မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ အဖွဲ့ဟာ လူမှုကွန်ရက် တွေကို သုံးပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဝက်ကမ်တွေကနေ တဆင့် ပို့ပေးလာအောင် လူတွေကို ဖျားယောင်း တိုက်တွန်း ခဲ့ကြတယ်လို့ Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရဲတွေက ပြောပါတယ်။

အဲဒီ ပုံတွေ ရလာပြီးနောက် ပို့ပေးလာကြ သူတွေကို ငွေညှစ်ပြီး ငွေမပေးရင် သူတို့ ပုံတွေကို သူငယ်ချင်း၊ ဆွေမျိုးတွေဆီ အဲဒီ ပုံတွေ ပို့လိုက်မယ်လို့ အကျပ်ကိုင်ကြပါတယ်။

မနှစ်တုန်းက အဲဒီလို အကျပ်ကိုင် ခံခဲ့ရတဲ့ စကော့တစ်ရှ် ဆယ်ကျော်သက် တစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ