ဆိုးလ်မြို့မှာ မြေအောက် ရထားနှစ်စီး တိုက်မိ

ဓာတ်ပုံ မူပိုင် AP
Image caption ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့သူ မရှိဟု ဆို။

တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော်မှာ မြေအောက် ရထားနှစ်စီး တိုက်မိခဲ့လို့ လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ ပါတယ်။

ပြီးခဲ့တဲ့လက လူပေါင်း ၃၀၀ လောက် အသက် ဆုံးရှုံးခဲ့ရတဲ့ ဖယ်ရီ သင်္ဘော တိမ်းမှာက်ခဲ့ ပြီးတဲ့နောက် အခုလို မြေအောက်ရထား နှစ်စီး တိုက်မိခဲ့တာ ဖြစ်လို့ တောင်ကိုရီးယားရဲ့ လမ်းပမ်း ဆက်သွယ်ရေး ဘေးအန္တရာယ် ကင်းဝေးမှု အပေါ် နောက်ထပ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ ဖြစ်ခဲ့တဲ့ ရထား နှစ်စီးတိုက်မိခဲ့မှုဟာ မြို့ အရှေ့ပိုင်းမှာ ရှိတဲ့ Sangwangsimni ဘူတာမှာ ရှေ့က ရထားကို နောက်ရထားတစ်စီးက နောက်ကနေ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ရထား လမ်းချော်သွားပြီးနောက် ခရီးသည်တွေကို သူတို့နေရာမှာပဲ ထိုင်နေကြဖို့ ပြောနေတဲ့ကြားက ခရီးသည်တွေဟာ ရထားပေါ်က ခုန်ထွက်ပြီး ဘေးလွတ်ရာကို ရထားသံလမ်းတွေ ပေါ်ကနေ လျှောက်သွားခဲ့ကြတယ်လို့ သတင်းတွေ ရရှိပါတယ်။

ထိခိုက် ဒဏ်ရသူတွေထဲမှာ တစ်ယောက်မှ စိုးရိမ်ရလောက်တဲ့ အခြေအနေ မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ