နိုင်ဂျီးရီးယားသမ္မတက ပျောက်နေတဲ့လူ၂၀၀ ကယ်ဆယ်ရေး ကြေညာ

ကျောင်းသူတွေ ပြန်လွတ်ရေး ဆန္ဒပြ တောင်းဆိုနေစဉ်။ ဓာတ်ပုံ မူပိုင် AFP
Image caption ကျောင်းသူတွေ ပြန်လွတ်ရေး ဆန္ဒပြ တောင်းဆိုနေစဉ်။

နိုင်ဂျီးရီးယား နိုင်ငံမှာ အစ္စလမ် စစ်သွေးကြွတွေ ဖမ်းဆီးသွားတယ်လို့ ယူဆရတဲ့ အမျိုးသမီး ၂၀၀ကျော်ကို ကယ်ဖို့ နိုင်ငံတကာက သမ္မတ Goodluck Johnathan အပေါ် ဖိအားပိုများ လာတဲ့အတွက် ကယ်ဆယ်ရေးတွေ လုပ်နေကြောင်း သမ္မတက ရုပ်မြင်သံကြား ကနေပြောသွားပါတယ်။

နိုင်ဂျီးရီးယားမှာ အမျိုးသမီး ငယ်လေးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ သုံးပါတ်ထဲ ရောက်လာ ပေမယ့်ဘာမှ သိသိသာသာ ကယ်ဆယ်ရေး လုပ်တာ မတွေ့ရသေးပါဘူး။ သမ္မတက နိုင်ငံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြောရာမှာ ကြည်းတပ်ကော လေတပ်ပါရှာဖွေရေး လုပ်နေပေမယ့် အမျိုးသမီးလေးတွေကို မတွေ့သေးဘူးလို့ ဝန်ခံပါတယ်။ အဖမ်းခံရ တဲ့သူတွေကို မော်တော်ယဉ်တန်းတွေနဲ့ ရွှေ့ပြောင်းနေတဲ့ သတင်းတွေထွက်နေတဲ့ ကြားက လူ၂၀၀ကျော်လောက် ပျောက်နေတာရှာလို့ မရဘူးဆိုတာ ထူးဆန်း သလိုဖြစ်နေပါတယ်။

ဒါဟာနိုင်ဂျီးရီးယား နိုင်ငံအရှေ့မြောက်ပိုင်း မှာလှုပ်ရှားနေတဲ့ ဘိုကို ဟာရမ်လို့ခေါ်တဲ့ အစ္စလမ် စစ်သွေးကြွတွေရဲ့ နေရာကို နိုင်ဂျီးရီးယား စစ်တပ်က မဝင်နိုင်တဲ့ သဘောတွေ့ နေရပါတယ်။ မိန်းကလေးတွေလွတ်ရေး ညှိနှိုင်းရေး တွေလုပ်နေတယ်ဆိုတဲ့ သတင်းတွေကိုတော့ သမ္မတက ပယ်ချလိုက်ပါတယ်။

ဘိုကိုဟာရမ်ဘက်က ဘယ်သူနဲ့မှ ညှိစရာမရှိတဲ့အတွက် ညှိဖို့ကိစ္စမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ကျောင်းသူလေးတွေ ပြန်လွတ်ရေးကို အစိုးရက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်တဲ့အတွက် ပြည်တွင်းမှာရော နိုင်ငံတကာကပါ ဒေါသဖြစ်နေကြပါတယ်။

နိုင်ဂျီးယားအစိုးရ အနေနဲ့သူပုန်တွေကိုနှိမ်နင်းဖို့ အမေရိကန်ယူကေ တရုတ်စတဲ့နိုင်ငံတွေကို အကူအညီ တောင်းခံနေတယ်လို့လည်း သမ္မတက ထုတ်ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ