ကွမ်ကျိုးမြို့ ဘူတာရုံမှာ ဓားနဲ့ တိုက်ခိုက်မှု ဖြစ်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်မှာ အလားတူ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုး မြို့က မီးရထား ဘူတာရုံ တစ်ခုမှာ ဓားနဲ့ လိုက်လံ တိုက်ခိုက် မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

အခု သီတင်းပတ် အတွင်း အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်တာ ဒါ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

ဒဏ်ရာ ရသူတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ယူဆရပါတယ်။

တိုက်ခိုက်မှုမှာ ဘယ်နှစ်ယောက် ပါဝင်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် တိုက်ခိုက်သူ တစ်ဦးကိုတော့ ရဲက ပစ်ခတ် ဖမ်းဆီး လိုက်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း နိုင်ငံ အနောက်မြောက်ဘက်က ဘူတာရုံ တခုမှာ အလား တူ တိုက်ခိုက်မှု မျိုးကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ တုန်းကလည်း ကူမင်းမြို့ မီးရထား ဘူတာရုံမှာ ဓားနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၉ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ အစ္စလာမ်မ်စ် စစ်သွေးကြွေတွေရဲ့ လက်ချက်လို့ အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ