ဟုမ်းစ်မြို့က သူပုန်တွေနဲ့ မိသားစုတွေ ဆုတ်ခွာ

  • 7 မေ 2014
Image caption သူပုန်တွေ ဆုတ်ခွာချိန်မှာ သူတို့ စခန်းတွေကို မီးရှို့ခဲ့

နှစ်တွေနဲ့ ချီပြီး ဆီးရီးယား အစိုးရ တပ်တွေနဲ့ တိုက်ခိုက်လာခဲ့တဲ့ သူပုန် တပ်တွေနဲ့ မိသားစု တွေဟာ ဟုမ်းစ် မြို့ဟောင်းကြီး ကနေ ဆုတ်ခွာ နေကြပြီ ဖြစ်ပါတယ်။

သူတို့ ထွက်ခွာ သွားပြီးနောက် မြို့နေရာအနှံ့ မီးခိုးလုံးတွေ ပိတ်ဖုံးနေပြီး သူပုန်တွေဟာ သူတို့ စခန်းတွေနဲ့ ပိုင်ဆိုင်မှု တွေကို မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အရင်တုန်းကတော့ တော်လှန်ရေး မြို့တော်ကြီး ဆိုပြီး ဟုမ်းစ်မြို့ကို တင်စား ခေါ်ဝေါ် ခဲ့ကြပါတယ်။

ကုလသမဂ္ဂ ကြားဝင် စေ့စပ်မှုနဲ့ ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ သဘောတူညီချက် ရယူပြီး ဒီလို ဆုတ်ခွာ နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူပုန်တွေ ဘယ်တော့မှ ဆုတ်ခွာ မသွားနိုင်ဘူး ထင်ရတဲ့ မြို့က ဒီလို ထွက်ပေးရလို့ သူပုန် တပ်တွေနဲ့ မိသားစုတွေ အတွင်းမှာ အင်မတန် ထိခိုက် ကြေကွဲကြကြောင်းလည်း ဒေသတွင်းက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ