ထိုင်းဝန်ကြီးချုပ် ရာထူးဖယ်ရှားခံရ

  • 7 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အာဏာအလွဲသုံးတယ်လို့ တရားရုံးက ဆုံးဖြတ်

ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကို အာဏာ အလွဲသုံးမှုနဲ့ ရာထူးက ဆင်းပေးဖို့ ဖွဲ့စည်းပုံ တရားရုံးက အမိန့်ချမှတ်လိုက် ပါတယ်။

ဝန်ကြီးချုပ် ယင့်လတ်ဟာ ၂၀၁၁ ခုနှစ်က သူ့နဲ့ ဆွေမျိုးတော်စပ်သူကို ရာထူးနေရာ ပေးချင်တဲ့ အတွက် ထိပ်တန်း အစိုးရ အရာရှိတစ်ယောက်ကို ရာထူး အရွှေ့အပြောင်း လုပ်ခဲ့တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီကိစ္စမှာ ပါဝင် ပတ်သက်တဲ့ အစိုးရ အဖွဲ့ ဝန်ကြီး ၉ ယောက် လည်း ရာထူး ကနေ ဆင်းပေး ကြရမှာ ဖြစ်ပါတယ်။

အခု လောလောဆယ် ကုန်သွယ်ရေး ဝန်ကြီး နိဝပ်ထမ်းရုံး ဘွန်းစုံး Niwatthamrong Boonsongphaisan ကို ယာယီ ဝန်ကြီးချုပ် ခန့်ထား လိုက်ပြီ ဖြစ်ပါတယ်။

၀န်ကြီးချုပ် ယင့်လတ် အစိုးရကို ဖြုတ်ချဖို့ အတွက် အစိုးရ အတိုက်အခံ နိုင်ဆူထေ့ပ် ဦးဆောင်ပြီး လှုပ်ရှား နေတာ လနဲ့ချီ ကြာနေ ပါပြီ။

နိုင်ဆူထေ့ပ်နဲ့ နောက်လိုက် တွေက အစိုးရ နုတ်ထွက်ဖို့ ထပ်ဆင် အနွယ် နိုင်ငံရေးပါတီတွေ ထိုင်းနိုင်ငံမှာ နိုင်ငံရေး အရ ရေရှည် အာဏာ တည်မြဲရေး အတွက် ရေးဆွဲထားတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးဖို့ တောင်းဆို နေပြီး နောက်တဘက် မှာလည်း ဝန်ကြီးချုပ် ယင့်လတ် အစိုးရ က မသမာမှု၊ လာဘ်စားမှု တွေရှိတယ် ဆိုပြီး အခြေခံဥပဒေ တရားရုံးမှာ တရားစွဲ ခဲ့တာပါ။

ထိုင်းနိုင်ငံထဲမှာ မတည်မငြိမ် ဆက်ဖြစ် နေရင် ပြည်တွင်း စီးပွားရေး၊လူမှုရေး ကဏ္ဍ တွေမှာ ဆုတ်ယုတ် လာမှာ ကို ထိုင်း လူလတ် တန်းစား ကုန်သည်ပိုင်း တွေက စိုးရိမ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ