တောင်အာဖရိက ရွေးကောက်ပွဲ ANC ဆက်နိုင်

  • 8 မေ 2014
anc
Image caption တောင်အာဖရိက သားတွေ ANC ကို ယုံကြည်ဆဲ

တောင်အာဖရိက ရွေးကောက်ပွဲ မှာ လက်ရှိ အနှစ် ၂ဝ အာဏာရ ထားတဲ့ ANC အာဖရိက အမျိုးသား ကွန်ဂရက် ပါတီ ကပဲ ဆက်လက် ဗိုလ်စွဲ သွားပါတယ်။

လက်ရှိ ရေတွက်ပြီးသမျှတော့ ANC က မဲ ၆၄ ရာခိုင်နှုန်း လောက် ရနေပြီ ဖြစ်ပါတယ်။

သူ့နောက်က လိုက်နေတဲ့ ဒီမိုကရက် မဟာမိတ် အဖွဲ့က မဲ ၂၂ ရာခိုင်နှုန်း ကျော် ရပြီး အရင်တခါ ရွေးကောက်ပွဲ ကထက် သိသိသာသာ ထောက်ခံ မှု ပိုရလာ ပါတယ်။

ANC အစိုးရရဲ့ ခြစားမှု အရှုပ်တော်ပုံ တွေနဲ့ စီးပွားရေး ကျဆင်းမှုတွေ ရှိနေပေမယ့်လည်း တောင်အာဖရိက နိုင်ငံသား တွေက ANC ကို ယုံကြည် ထောက်ခံ ကြဆဲ ရှိကြောင်း ဂျိုဟာနစ္စဘတ် မြို့က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ