အယ်လက်ပိုမြို့မှာ အင်အားပြင်း ဗုံးပေါက်ကွဲ

  • 8 မေ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အယ်လက်ပိုမြို့က Carlton ဟိုတယ် ပြိုကျသွားတဲ့ ဗုံးခွဲတိုက်ခိုက်မှု

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစိုးရ တပ်ဖွဲ့ တွေရဲ့ အခြေစိုက် စခန်း တစ်ခုအဖြစ် အသုံးပြုတဲ့ အယ်လက်ပို မြို့က ဟိုတယ် တစ်ခုမှာ အင်အားပြင်း ဗုံးပေါက်ကွဲမှာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုဟာ အယ်လက်ပိုမြို့ရဲ့ အလယ်ခေတ် ခံတပ်နဲ့ ကပ်ရပ်မှာ ရှိတဲ့ Old City က Carlton ဟိုတယ်ကို ထိခိုက်ခဲ့ပါတယ်။

အစ္စလာမ် သူပုန်တွေက ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲမှာ ပေါက်ကွဲမှု ဖြစ်ရာ နေရာက မီးခိုးလုံးကြီးတွေ ထွက်လာတာကို မြင်ရပါတယ်။

သူတို့က စစ်သား ၅၀ လောက် အထိ သေဆုံးတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တခြား အတိုက်အခံ သတင်းရပ်ကွက်က ပြောဆိုတဲ့ အရေအတွက်ကတော့ အဲဒီထက် နည်းပါတယ်။

သူပုန်တွေဟာ ဟိုတယ်အောက်မှာ သူတို့ တူးထားခဲ့တဲ့ မြေအောက် လှိုဏ်ခေါင်းအတွင်း ဖောက်ခွဲရေး ပစ္စည်းတွေ အမြောက်အမြား ထောင်ထားခဲ့တာ ဖြစ်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။

ဟိုတယ်က လုံးဝ ပြိုကျသွားပြီး အနီးအနားက သမိုင်းဝင် အဆောက်အဦးတွေလည်း ပျက်စီးသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ