အငြင်းပွား ရေပြင်မှာ တရုတ် အင်အားပြနေ ဟုဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဗီယက်နမ်ဘက်က ထုတ်ပြန်တဲ့ ပုံမှာ တရုတ် သင်္ဘောက ဗီယက်နမ် သင်္ဘောကို ရေပိုက်နဲ့ ထိုးနေစဉ်။

တောင်တရုတ် ပင်လယ် အတွင်း တရုတ်နဲ့ ဗီယက်နမ် နိုင်ငံကြား အငြင်းပွား ရေပိုင်နက်မှာ ဗုဒ္ဓဟူးနေ့က နှစ်ဘက် သင်္ဘောတွေ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီးနောက် အဲဒီ ရေပြင်မှာ တရုတ်ဘက်က စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော အစီး ၈၀ လောက် အင်အားပြ နေတယ်လို့ ဗီယက်နမ်က စွပ်စွဲလိုက်ပါတယ်။

သူတို့ သင်္ဘော ၈ စီးကို တရုတ် သင်္ဘောတွေက ဝင်တိုက်ခဲ့တယ်၊ တရုတ် ရေနံတူး သင်္ဘောအနီး ချဉ်းကပ်သွားခဲ့ရာမှာ အင်အားပြင်း ရေပိုက်ကြီးတွေနဲ့ လှမ်းထိုးခဲ့တယ်လို့ ဗီယက်နမ်ဘက်က ပြောပါတယ်။

ဘေဂျင်းမြို့က နိုင်ငံခြားရေးဌာန အရာရှိ တစ်ယောက်ကတော့ ဗီယက်နမ် သင်္ဘောတွေက တမင်တကာ ဝင်တိုက်ခဲ့တာဖြစ်ပြီး ပင်လယ်ပြင်မှာ တရုတ် စစ်သင်္ဘောတွေလည်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်က အခု ပြဿနာကနေ ဒေသတွင်း ပဋိပက္ခဆီ ဦးတည် သွားနိုင်တယ်လို့ သတိပေးလိုက်ပြီး အေးအေးဆေးဆေး ရှိကြဖို့ တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ