ထိုင်းမှာ ရာချီ ဆန္ဒပြ၊ ရဲက ဖြိုခွင်း

  • 9 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံမှု ကွပ်ကဲရေးရုံးကို ဝင်ရောက်ဖို့ ကြိုးစားကြစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လမ်းမတွေ ပေါ်မှာ ရာနဲ့ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို ရဲတွေက မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

ဆန္ဒပြသူ လူအုပ်စုဟာ ထိုင်းအစိုးရရဲ့ လုံခြုံမှု ကွပ်ကဲရေး ရုံးထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေ တရားရုံးချုပ်က ထိုင်း ဝန်ကြီးချုပ် ယင်လပ်နဲ့ တခြား ဝန်ကြီး ၉ ဦးကို ရာထူးက ဖယ်ရှားလိုက်ပြီး ၂ ရက်အကြာမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အခုလို ဘန်ကောက်မြို့ လမ်းမတွေပေါ် ထွက်ပြီး ကြားဖြတ် အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

ထိုင်း ဝန်ကြီးချုပ် ယင်လတ်နဲ့ တခြား ဝန်ကြီးတွေဟာ အာဏာအလွဲသုံးစားမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး အခြေခံဥပဒေ တရားရုံးရဲ့ အမိန့်ချမှတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ