အာဖဂန်က ဗြိတိသျှ ကင်းစခန်း ရုပ်သိမ်း

  • 10 မေ 2014
Camp Bastion
Camp Bastion ဗြိတိသျှ တပ်စခန်း

အာဖဂန် နစ္စတန် နိုင်ငံက ဗြိတိသျှ တပ်ဖွဲ့ရဲ့ နောက်ဆုံး ကင်းစခန်း ကို Helmand ခရိုင်မှာ ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

Camp Bastion မှာ နောက်ဆုံး ကျန်ရစ်တဲ့ ဗြိတိသျှ တပ်စခန်း ကိုလည်း ဒီနှစ် မကုန်ခင် ရုပ်သိမ်းဖို့ ရှိပါတယ်။

အာဖဂန် စစ်ဆင်ရေးတွေ အရေးကြီးတဲ့ နှစ်တွေ တုန်းကတော့ အခြေစိုက် စခန်း ၁၃၇ ခုတောင် ရှိခဲ့ဖူးပါတယ်။

အာဖဂန်မှာ ကျဆုံးခဲ့တဲ့ ဗြိတိသျှ တပ်သား ၄၅ဝ ကျော် ထဲက အများစုဟာ Helmand ခရိုင်မှာ စစ်ဆင်ရေးတွေ စတင်ပြီး ၈ နှစ် အတွင်းမှာ ကျဆုံး ခဲ့တာ ဖြစ်ပါတယ်။

အကျအဆုံး များပေမယ့် ဒီနယ်မြေမှာ တပ်ချ ထားရကျိုး နပ်ပါတယ်လို့ Helmand ခရိုင်ကို မကြာလေး တင်ကမှ ရောက်ရှိ ခဲ့တဲ့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး Philip Hammond က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ