နိုင်ဂျီးရီးယား ပြန်ပေးမှု ကုလပြစ်တင်

_nigeria_abduction
Image caption ဓါးစာခံ ကျောင်သူတွေရဲ့ မိဘဆွေမျိုးတွေ ဆန္ဒပြကြပုံ

နိုင်ဂျီးရီးယား နိုင်ငံ ချီဘော့ခ်မြို့ မှာ၊ အရင်လက ဖြစ်ပေါ်ခဲ့ တဲ့၊ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ ဘိုကိုဟာရမ် ရဲ့၊ ကျောင်းသူ ၂၀၀ ကျော် ကို ဖမ်းဆီး ခေါ်ဆောင်သွား တဲ့ လုပ်ရပ်အပေါ် အလွန် တုန်လှုပ် ရတယ် ဆိုပြီး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ပြောကြား လိုက်ပါ တယ်။

အဲဒီ့ ကျောင်းသူ တွေ လွတ်မြောက်ရေး မှာ အကူအညီပေး ဖို့ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ် ကျွမ်းကျင်သူ တွေ၊ နိုင်ဂျီးရီးယား ကို ရောက်လာခဲ့ ပြီး ဖြစ်ပါတယ်။

အခင်း မဖြစ်ပေါ်မီ၊ အဲဒီ့ အကြမ်းဖက် လက်နက်ကိုင် တွေ ဝင်ရောက် စီးနင်းလိမ့်မယ် ဆိုတဲ့ သတင်း ကို၊ နိုင်ဂျီးယား အစိုးရ တပ်ဖွဲ့တွေ ဆီ ကြိုတင် အကြောင်း ကြားမှုတွေ ရှိခဲ့ပေ မယ့်၊ အာဏာပိုင် တွေ ဘက်က အရေးယူ ဆောင်ရွက် ဖို့ ပျက်ကွက်ခဲ့ တယ် ဆိုပြီး၊ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့ Amnesty International က၊ ပြောကြား လိုက်ပါ တယ်။

အဲဒီ့ စွပ်ဆွဲမှု နဲ့ ပတ်သက် ပြီး၊ နိုင်ဂျီးရီးယား ရဲ့ ပြန်ကြားရဲ့ ဝန်ကြီး Labaran Maku က Amnesty International ရဲ့ ထုတ်ပြန်မှု ကို သံသယ ရှိပေမယ့် စုံစမ်း စစ်ဆေးသွား မယ် ဆိုပြီး ပြောခဲ့ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ