ယူကရိန်း အရှေ့ဘက်မှာ လွတ်လပ်ရေး ဆန္ဒခံယူ

ဓာတ်ပုံ မူပိုင် Getty
Image caption ဆန္ဒ ခံယူတာကို ရုရှား လိုလားသူ တွေက ဦးစီးပြီး ကျင်းပ

ယူကရိန်း အရှေ့ဘက်ပိုင်း ဒေါညက်စ် နဲ့ လူဟန့်စ် ဒေသ တွေမှာ ယူကရိန်း ကနေ ခွဲထွက်ကာ လွတ်လပ်ရေး ကြေညာဖို့ အတွက် လူထု ဆန္ဒခံယူမှာ ဒေသခံ တွေ မဲပေး နေကြပြီ ဖြစ်ပါတယ်။

ဒီလို ဆန္ဒ ခံယူတာကို ရုရှား လိုလားသူ တွေက ဦးစီးပြီး ကျင်းပ နေတာလည်း ဖြစ်ပါတယ်။

မာရီပို မြို့မှာ ဆိုရင် မြို့မှာ ရှိတဲ့ မဲပေး နိုင်တဲ့ လူပေါင်း ၅ သိန်း အတွက် မဲရုံ လေးရုံသာ လုပ်ပေးထားလို့ လူတန်း ရှည်ကြီး ဖြစ်နေပြီး ပရမ်းပတာ ဖြစ်နေတဲ့ အခြေ အနေတွေ ကို တွေ့နေရ ပါတယ်။

မဲပေးတာနဲ့ မဲရေတွက်မှု တွေကို ရုရှား လိုလားတဲ့ သူတွေ ကနေ စောင့်ကြည့် ကြမှာ ဖြစ်ပါတယ်။

ယူကရိန်း လက်ရှိ သမ္မတရဲ့ အကြံပေး ဖြစ်သူ ကတော့ ဒီမဲပေးဖွယ်ဟာ သေးသိမ်လှတဲ့ မဲပေးပွဲ ဖြစ်တယ်လို့ ဖေါ်ပြ ပြောဆို လိုက်ပြီး၊ အနောက်နိုင်ငံ အစိုးရ တွေ ကလည်း မဲပေးပွဲဟာ တရား မဝင်ဘူးလို့ ပြောပါတယ်။

အခု လက်ရှိ အခြေအနေ ဆလိုဗီယန့်စ် မြို့မှာတော့ ယူကရိန်း တပ်ဖွဲ့တွေနဲ့ ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေ အကြား နောက်ထပ် တိုက်ခိုက် မှုတွေ ဆက်ဖြစ် နေတယ်လို့ သတင်းတွေ ရရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ