ကျောင်းသူပျောက် ခြေရာခံမိပြီဆို

Kashim Shettima ဓာတ်ပုံ မူပိုင် Getty
Image caption သတင်း ခိုင်မာမှု စိစစ်ဖို့ စစ်ဘက်ကို ပြောထား

ပျောက်ဆုံးနေတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ တွေ ဘယ်ရောက် နေတယ် ဆိုတာ သတင်း ရထားပြီ လို့ သူတို့ ပြန်ပေး ဆွဲခံခဲ့ရတဲ့ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ် အုပ်ချုပ်ရေးမှူး က ဘီဘီစီကို ပြောကြား လိုက်ပါတယ်။

ဒီမိန်းကလေး တွေကို မြင်လိုက် တွေ့လိုက်ရတယ် ဆိုတဲ့ သတင်းတွေ ရထားပြီမို့ သတင်း ခိုင်မာမှု ရှိမရှိ စိစစ်ဖို့ စစ်ဘက်ကို အကြောင်းကြား ထားတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Kashim Shettima က ပြောပါတယ်။

နယ်စပ်ကို ကျော်ပြီး ဒီမိန်းကလေး တွေကို ကင်မရွန်းနဲ့ ချဒ် နိုင်ငံတွေဆီ ခေါ် သွားတယ်လို့ မယူဆကြောင်းလဲသူက ပြောပါတယ်။

နိုင်ဂျီးရီးယား မြောက်ပိုင်း၊ ကင်မရွန်းနဲ့ ချဒ် နိုင်ငံတွေမှာ ကြီးစိုး လှုပ်ရှားနေတဲ့ ဒီ Boko Haram စစ်သွေးကြွ တွေ အရေးနဲ့ ပတ်သက်တဲ့ ထိပ်သီး ဆွေးနွေးပွဲ လက်ခံ ကျင်းပ ပေးလိုကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က မနေ့က ကမ်းလှမ်း ခဲ့ပါတယ်။

ဒီမိန်းကလေးတွေ ကယ်ဆယ်ရေး အတွက် အကူအညီ ပေးဖို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ဘက်က ကမ်းလှမ်းချက် ကို လက်ခံ ကြောင်းလည်း နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျော်နသန်က ပြောပါတယ်။

အစ္စရေး အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့နဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် ကျွမ်းကျင်သူတွေ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ