ယူကရိန်းဆန္ဒမဲရလဒ် ရုရှလိုလားသူတွေအနိုင်ရ

_ukraine_referendum_ ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုယ်ပိုင်အုပ်ချုပ်ခွင့် မဲရလဒ် ရေတွက်

ယူကရိန်း နိုင်ငံ ကနေ ခွဲထွက်ရေး အတွက် ယူကရိန်း အရှေ့ဘက် ခြမ်း က ရုရှ ထောက်ခံသူ တွေ ရဲ့ လူထုဆန္ဒ ခံယူတဲ့ မဲပေးပွဲ ကတော့ ပြီးသွား ပါပြီ။ မဲဆန္ဒရှင် တွေ အနေနဲ့ လည်း မဲ သာ ထည့်လိုက်ကြတယ်။ မရေရာသူတွေ လည်း ရှိကြပါတယ်။

မဲရလဒ် အဖြေရဲ့ အတိမ် အနက် နဲ့ အနာဂတ် ကို သိသူတွေ ရှိသလို၊ ဝေဝါး ထွေပြား နေသူတွေ လည်း ရှိကြပါတယ်။ ဒီလို သူတွေ ထဲမှာ ဒေါ့နက်စ်မြို့ခံ က ဆိုရင် သူစိတ်မချမ်းမြေ့ ဖြစ်နေတာကို ပြောပြ ရာမှာ ဆန္ဒခံယူပွဲ မဲ သာ ထည့်လိုက်တယ်၊ သူ တို့ နယ်မြေမှာ ဘာတွေ ဖြစ်နေသလည်း ဆိုတာ ကို အေးအေးဆေးဆေး ရှင်းမပြ တတ်အောင် ဖြစ်ပြီး၊ မဲထည့် ရတဲ့ ရည်ရွယ်ချက် က ဒီဒေသ မှာ တည်ငြိမ်တာ ကို လိုချင်လို့၊ ဒါမှဘဲ ငြိမ်းချမ်းရေး ရပြီး၊ ဘယ်သူမှ မနှောက်ယှက်တဲ့ ဘဝ ရောက်မယ် လို့ ထင်တဲ့ အကြောင်း ပြောပါတယ်။

ဒေါနက်စ်ပြည်နယ် မှာ မဲ အရေအတွက် ၈၉ ရာခိုင်နှုန်း နဲ့ အနိုင်ရသွားပေမဲ့၊ ယူကရိန်း နိုင်ငံခြားရေး ဌာန မှ သံအမတ် အိုလက်ဇန်းဒါး ရှားဘား ကလည်း၊ ဒီရွေးကောက်ပွဲ ဟာ တရားမဝင်တဲ့ အကြောင်း၊ လေ့လာစောင့်ကြည့်သူ လည်း မရှိသလို၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် ထောက်ခံတယ်၊ မထောက်ခံဘူး ဆို တဲ့ မဲ စနစ် ပုံစံဖြစ်လို့ တချို့မဲ တွေ ဆိုရင်၊ အရင်နေ့ တွေ ကတည်း က ထောက်ခံ ပြီးသား မဲ တွေ ပါလို့ ရှင်းပြပါတယ်။

ရုရှဘက် ယိမ်းသူတွေ ကတော့၊ သမ္မတ ပူတင် အုပ်ချုပ်တဲ့ရုရှ မှာပဲ အေးအေးချမ်းချမ်းနေချင်တယ်၊ ဒါပေမဲ့ ဒီမဲပေးပြီးရုံ၊ အနိုင်ရရုံနဲ့ အလိုလို ရုရှ လက်အောက်တော့ ရောက်မသွားနိုင်သေးပါဘူး၊ နောက် ၆ လ၊ တနှစ်လောက် ကြာမှ ဖြစ်နိုင်မှာပါ လို့ ပြောသူတွေ လည်းရှိနေကြပါတယ်။