ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AP
Image caption အငြင်းပွား ရေပိုင်နက် နေရာက တရုတ် တို့ရဲ့ ရေနံ တူးစင်တွေ ပြန်ရုပ်ဖို့ တောင်းဆို

ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်း နဲ့ တခြား မြို့ကြီး တွေမှာ မကြာခင် နှစ်များ အတွင်း အကြီးမား ဆုံး တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲလို့ ပြောနိုင် မယ့် ဆန္ဒပြမှု တွေ ဖြစ်ပွားခဲ့ ပါတယ်။

ဆန္ဒပြ သူတွေက တောင်တရုတ် ပင်လယ် အတွင်း အငြင်းပွား နေကြတဲ့ ရေပိုင်နက် နေရာမှာ တရုတ် တို့ရဲ့ ရေနံ တူးစင်တွေ ပြန်ရုပ် သိမ်းဖို့ ကို တောင်းဆို ခဲ့ကြ ပါတယ်။

လူစု လူဝေးနဲ့ အခုလို ဆန္ဒပြ မှုတွေကို ဗီယက်နမ် အာဏာပိုင် တွေက ပိတ်ပင် ထားတာ ဖြစ်ပြီး၊ ဆန္ဒပြမှု တွေကို ခွင့်ပြု တာဟာ အင်မတန် ရှားပါး လှ ပါတယ်။

အဲဒီ တရုတ် တို့ရဲ့ ရေနံ တူးစင် အနီး တဝိုက်မှာ ဗီယက်နမ် သင်္ဘော တွေနဲ့ တရုတ် သင်္ဘောတွေ အကြား ထိပ်တိုက် ရင်ဆိုင် တာတွေ ဖြစ်နေကြ တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ဆိုရင် သင်္ဘော အချင်းချင်း ဝင်တိုက် ကြတဲ့ အထိကို ဖြစ်ခဲ့ ကြတာပါ။

နေပြည်တော်မှာ ကျင်းပ ပြီးစီး သွားတဲ့ အာဆီယံ ထိပ်သီး အစည်း အဝေး ကနေ လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူး စိုးရိမ် ကြောင်း ထုတ်ဖေါ် ပြောကြား သွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ