အိန္ဒိယ ရွေးကောက်ပွဲ နောက်ဆုံးရက် ရောက်ရှိ

ဓာတ်ပုံ မူပိုင် AFP

ရက်ပေါင်း အတော်ကြာ ပြုလုပ်တဲ့ အိန္ဒိယ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ ရဲ့ ဒီကနေ့ နောက်ဆုံးနေ့ မှာတော့ မဲပေးသူ တွေ ပုံမှန် အတိုင်း လာရောက် မဲပေး ခဲ့ကြပါတယ်။

အနောက် ဘန်ဂေါ ဘက်မှာတော့ ခပ်သွက်သွက် မဲပေး ကြတာကို တွေ့ရပြီး အဲဒီဘက်မှာ မဲပေးသူ ၄၀ ရာခိုင်နှုန်းကျော် ဒီကနေ့ နေ့လယ် လောက်မှာ မဲပေးပြီး ဖြစ်ကြပါတယ်။

အဓိက အာရုံစိုက်ရမယ့် နေရာကတော့ အက်တရာ ပရာဒတ်ရှ် ပြည်နယ် ဗာရာဏသီ ဒေသမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဝန်ကြီးချုပ် ဖြစ်လာဖို့ ရှေ့က ပြေးနေတဲ့ ဟင်ဒူ အမျိုးရေး ဘီဂျေပီ ပါတီက နရန်ဒရာ မူဒီ ဝင်ပြိုင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ရေပန်းစား လူကြိုက်များနေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပါတီ ခေါင်းဆောင် အာဗင် ကေဂျရီဝါနဲ့ အကြိတ်အနယ် ယှဉ်နေရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်တွေကိုတော့ လာမယ့် သောကြာနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ တင်ကြို ခန့်မှန်းချက် တွေကိုတော့ ဒီကနေ့ နှောင်းပိုင်း မှာ သိရပါလိမ့်မယ်။