ကြားဖြတ်အစိုးရ တင်ဖို့ ထိုင်းလွှတ်တော် ဆွေးနွေး

  • 12 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ အစိုးရကို ထောက်ခံသူ ရှပ်နီတွေ အင်အားပြစဉ်

နိုင်ငံရေး အကျပ်အတည်းတွေ ဆက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ လက်ရှိ အစိုးရကို ဖြုတ်ချပြီး ရွေးကောက် တင်မြှောက်ခံ မဟုတ်တဲ့ သူတွေရဲ့ အုပ်ချုပ်မှု အဖွဲ့ကို အစားထိုး တင်မြှောက်ဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုချက် အပေါ် ထိုင်း အထက် လွှတ်တော်မှာ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ထိုင်း အခြေခံဥပဒေ တရားရုံးကနေ ဝန်ကြီးချုပ် ယင်လတ်နဲ့ ဝန်ကြီး ၉ ဦးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေကတော့ အစိုးရ တစ်ဖွဲ့လုံး ဆင်းပေးဖို့ကို အလိုရှိနေကြတာ ဖြစ်ပါတယ်။

အခု အထက် လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေ ကနေ ကြားဖြတ် အုပ်ချုပ်မှု အဖွဲ့ကို အစားမထိုးရင်တော့ ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါပမေယ့် အခုလို အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လက်ရှိအစိုးရကို ထောက်ခံသူတွေကတော့ အဲဒီလို အစားထိုးခဲ့ရင် အကြမ်းဖက် တုံ့ပြန်သွားမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ