အစ္စရေး ဝန်ကြီးချုပ်ဟောင်းကို ထောင် ၆ နှစ် ချမှတ်

ဓာတ်ပုံ မူပိုင် AP
Image caption ဝန်ကြီးချုပ်ဟောင်း Ehud Olmart ကို တရားရုံးမှာ တွေ့ရစဉ်။

အစ္စရေး ဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုလ်မတ် Ehud Olmert ကို အဂတိ လိုက်စားမှုနဲ့ အစ္စရေး တရားရုံး တစ်ခုက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

အစိုးရ ခေါင်းဆောင်ဟောင်း တစ်ဦးကို အဂတိ လိုက်စားမှုနဲ့ အခုလို ထောင်ဒဏ် ချမှတ်တာဟာ အစ္စရေးမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

မစ္စတာ အိုလ်မတ်ဟာ ဂျေရုဆလင်မှာ မြို့တော်ဝန် ဖြစ်စဉ်က မြို့မှာ ဟိုလီလန်းဒ် Holyland အိမ်ရာ တည်ဆောက်ရေး စီမံကိန်း ချပေးရေးအတွက် လာဘ်ယူခဲ့တယ် ဆိုပြီး အခုနှစ် အစောပိုင်းက အပြစ်ရှိကြောင်း ချမှတ်ခဲ့တာပါ။

ထောင်ဒဏ် စီရင်ချက် ချမှတ်စဉ် တရားသူကြီးက မစ္စတာ အိုလ်မတ်နဲ့ ဒီအမှုတွဲမှာ ပါတဲ့ တခြား အရာရှိတွေကို ပြောကြားရာမှာ ဒီလုပ်ရပ်တွေဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်တယ်လို့ ပြောသွားပါတယ်။

မစ္စတာ အိုလ်မတ်ရဲ့ ရှေ့နေကတော့ အယူခံဝင်မယ်လို့ ပြောပါတယ်။

အီဟွတ် အိုလ်မတ်ဟာ အေရီရယ်ရှရွန်း ပြီးနောက် ၂၀၀၆ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ