လူဦးရေ လျော့ကျမှု ပြဿနာ ဂျပန် ကိုင်တွယ်ဖို့လို

Image caption လူဦးရေ ၃ သန်းကျော်ရှိတဲ့ ဂျပန်ရဲ့ ဒုတိယအကြီးဆုံး မြို့တော် ယိုကိုဟားမား

ဂျပန်နိုင်ငံမှာ လူဦးရေး တစတစ လျော့ကျ လာနေမှုကို တားဆီးဖို့နဲ့ လူဦးရေ သန်း ၁၀၀ ရှိစေအောင် ထိန်းထားဖို့ အတွက် ဂျပန် ကော်မတီ တစ်ခုကနေ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဂျပန်မှာ လက်ရှိ လူဦးရေ ၁၂၇ သန်း ရှိနေတာ ဖြစ်ပြီး ကလေးမွေးနှုန်း လျော့ကျနေတာကြောင့် လာမယ့် နှစ်ပေါင်း ၅၀ မတိုင်မီ လူဦးရေ ၈၇ သန်း အထိ လျော့ကျသွားနိုင်တာ ဖြစ်ပါတယ်။

ဒီအတွက် မိဘတွေကို ကလေး ပိုလိုချင်လာအောင် အထောက်အပံ့ ၂ ဆ တိုးပေးဖို့ကို ဒီ ကော်မတီကနေ တိုက်တွန်းထားပါတယ်။

ဒီအရေးအတွက် တစုံတရာ ဆောင်ရွက်မှု မရှိဘူးဆိုရင် လူဦးရေ လျော့ကျမှုက တဆင့် လုပ်သားအင်အား လျော့ကျပြီး ဂျပန် နိုင်ငံရဲ့ စီးပွားရေး ဆက်လက် ရပ်တည် လည်ပတ်နိုင်ဖို့ အတော့်ကို ရုန်းကန်ရလိမ့်မယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ