ဘန်ကောက် သပိတ်စခန်း တိုက်ခိုက်ခံရ

  • 15 မေ 2014
thai ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဝန်ကြီးချုပ်ဟောင်း ထောက်ခံ ဆန္ဒပြသူများ

ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဒီမိုကရေစီ ကျောက်တိုင်နား က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို တိုက်ခိုက်မှု ကြောင့် ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရသွားပါတယ်။

သပိတ်စခန်း ဘက်က ပေါက်ကွဲသံ တွေနဲ့ ပစ်ခတ်သံ တွေလည်း ကြားခဲ့ရပါတယ်။

အိမ်စောင့် အစိုးရကို ဖယ်ရှားပြီး ဝန်ကြီးချုပ်သစ် ခန့်အပ်ရေး ထိုင်း အထက် လွှတ်တော် ကို ဖိအား ပေးတဲ့ အနေနဲ့ ဆန္ဒပြသူ တွေက ဝန်ကြီးချုပ် ရုံးကို ဝန်းရံ စခန်းချ ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ