ဘိုကို ဟာရမ်နဲ့ ညှိမယ်လို့ နိုင်ဂျီးရီးယား အစိုးရပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗီဒီယိုထဲက ကျောင်းသူလေးတွေဟာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူလေးတွေ ဖြစ်ကြောင်း ဘော်နို ပြည်နယ်မှူးက အတည်ပြု

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကို ဟာရဲမ် အစ္စလာမစ် အုပ်စု ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲက ကျောင်းသူ လေးတွေ အားလုံးဟာ လွန်ခဲ့တဲ့ သီတင်း ၄ပတ် ကျော်က ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ကျောင်းသူလေး တွေ ဖြစ်တယ်လို့ ဘော်နိုပြည်နယ် အုပ်ချုပ်ရေး မှူး ကာရှင်မ် ရှက်တီမာ က အတည်ပြု ပြောပါတယ်။

နိုင်ဂျီးရီးယား အာဏာပိုင်တွေ ထိန်းသိမ်းထားတဲ့ ဘိုကို ဟာရဲမ် အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရင် အဲဒီ ကျောင်းသူလေး တချို့ကို အလဲအလှယ် ပြန်လွှတ်ပေးမယ်လို့ ဘိုကို ဟာရဲမ် အဖွဲ့က ပြောပါတယ်။

နိုင်ဂျီးရီးယား အစိုးရက ဘိုကို ဟာရဲမ် အဖွဲ့နဲ့ စကားပြောဖို့ သူတို့ အသင့် ရှိတယ်လို့ ထုတ်ဖော် ပြောလိုက်ပြီး ဘိုကို ဟာရဲမ် အဖွဲ့ဘက်က စေ့စပ်ညှိနှိုင်းရေး အဖွဲ့တဖွဲ့ စေလွှတ်ဖို့ ပြောထားပါတယ်။

ဒေသတွင်းမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို ရက်ထပ်တိုးဖို့ သမ္မတ Goodluck Jonathan က အဆိုပြုထားပါတယ်။