အရေးပေါ်အခြေအနေ တိုးဖို့ နိုင်ဂျီးရီယား ဆွေးနွေး

ဓာတ်ပုံ မူပိုင် Reuters
Image caption အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီးကတည်းက တိုက်ခိုက်မှုတွေ တိုးလာနေ

နိုင်ဂျီးရီးယား ပါလီမန်က နိုင်ငံ မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ တစ်နှစ်က ထုတ်ပြန်ခဲ့တဲ့ အရေးပေါ် အခြေအနေကို သက်တမ်း ထပ်တိုးရေး မတိုးရေး ဆွေးနွေးနေကြပါတယ်။

သမ္မတ ဂွတ်လပ် ဂျွန်နသန်က Borno, Yobe နဲ့ Adamawa ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေကို နောက်ထပ် ၆ လ ထပ်တိုးဖို့ တောင်ဆိုထားပါတယ်။

စောင့်ကြည့် လေ့လာသူတွေကတော့ အရေးပေါ် အခြေအနေကို သက်တမ်း ထပ်တိုးပြီး စစ်ဆင်ရေးတွေ လုပ်မယ်ဆိုရင် ဒေသတွင်း မတည်မငြိမ် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

အင်္ဂါနေ့တုန်းကတော့ လွန်ခဲ့တဲ့ တစ်လကျော်က ဖမ်းဆီးခံထားကြရတဲ့ ကျောင်းသူလေးတွေ ပြန်လွတ်ရေး ဆွေးနွေးဖို့အတွက် ညှိနှိုင်းရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ပါလို့ အစ္စလာမ်မစ် ဘိုကိုဟာရမ် အဖွဲ့ကို အစိုးရက တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ