ပစ်စ်တိုးရီးယပ်စ်ကို စိတ်ကျန်းမာရေး စစ်ဆေးမယ်

  • 14 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လူသတ်မှုအတွက် ကြားနာမှုကို ယာယီ ဆိုင်းငံ့။

တောင်အာဖရိက နိုင်ငံက မသန်စွမ်း အားကစားသမား အော်စကာ ပစ်စ်တိုးရီးယပ်စ် Oscar Pistorius ကို တစ်လကြာ စိတ်ကျန်းမာရေး စစ်ဆေးဖို့ တရားသူကြီးက ဆုံးဖြတ်လိုက်တဲ့ အတွက် လူသတ်မှုနဲ့ သူ့ကို ကြားနာ စစ်ဆေးမှုကို ယာယီ ဆိုင်းငံ့ လိုက်ပါတယ်။

စိတ်ရောဂါ အထူးကု ဆရာဝန်က မစ္စတာ ပစ်စ်တိုးရီးယပ်စ်ဟာ စိုးရိမ်မှု လွန်ကဲတဲ့ ရောဂါ ခံစားနေရတယ်လို့ ပြောဆိုခဲ့တဲ့ အတွက် ရှေ့နေတွေက မေတ္တာ ရပ်ခံခဲ့တာပါ။

တရားသူကြီးကတော့ သူ့ဘက်က ခုခံ ချေပတဲ့ ရှေ့နေရဲ့ တောင်းဆိုမှုအရ မစ္စတာ ပစ်စ်တိုးရီးယပ်စ် အနေနဲ့ မျှတတဲ့ တရားစီရင်မှု ရဖို့အတွက် သူ့ရဲ့ စိတ်ကျန်းမာရေး သေချာစေဖို့ အရေးကြီးတယ်လို့ လက်ခံကြောင်း ပြောပါတယ်။

ခုခံ ချေပသူဘက်က ပညာရှင် အဖြစ် ထွက်ဆိုတဲ့ သက်သေက မစ္စတာ ပစ်စ်တိုးရီးယပ်စ်ဟာ သူ့ရဲ့ ခြေနှစ်ချောင်း ဖြတ်ခဲ့ရတာရဲ့ ရလဒ်အနေနဲ့ စိတ်ဒဏ်ရာ ရခဲ့တာ ဖြစ်တယ်၊ သူ့အတွက် အန္တရာယ်နဲ့ ရင်ဆိုင်ရပြီဆိုရင် ထွက်ပြေးမယ့်အစား တိုက်ခိုက်ဖို့က ပိုများတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ