တူရကီ မိုင်းတွင်း ပေါက်ကွဲမှု လူ ၁၅၀ကျော် သေဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးသူ အရေအတွက် ပိုတိုးလာမယ်လို့ ယူဆရ

တူရကီနိုင်ငံ အနောက်ပိုင်းက ကျောက်မီးသွေး မိုင်းတွင်းတခုမှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၅၁ဦး သေဆုံးသွားတယ်လို့ တူရကီ အစိုးရက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ မိုင်းတွင်းထဲမှာ မိုင်းလုပ်သား ၇၈၀ကျော် ရှိနေတယ်လို့လည်း ဆိုပါတယ်။

မိုင်းတွင်းထဲမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ အစွမ်းကုန် ကြိုးစားနေကြပြီး သူတို့တွေ အသက်ရှူနိုင်အောင် အောက်ဆီဂျင် ဓါတ်ငွေ့တွေကို ပိုက်တွေနဲ့ လွှတ်သွင်းပေးနေပါတယ်။

မိုင်းလုပ်သား ၇၀ကျော်ကို တော့ ကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာတွေကို ဆေးကုသပေးနေပါတယ်။

ဆိုမာမြို့ပြင်က မိုင်းတွင်းနေရာနားမှာရော ဆေးရုံမှာပါ လူအများအပြား စုဝေး ရောက်ရှိနေကြပါတယ်။

လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကနေ မီးလောင်မှု ဖြစ်ခဲ့တာလို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။