ထိုင်း အကြမ်းဖက်မှု စစ်တပ် အကြီးအကဲ သတိပေး

ဓာတ်ပုံ မူပိုင် AFP
Image caption ပစ်ခတ်မှု ဖြစ်ပွားရာ အဆောက်အအုံကို စစ်ဆေးစဉ်။

ထိုင်းစစ်တပ် အကြီးအကဲဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ General Prayut Chan-O-Cha က နိုင်ငံရေး အကြမ်းဖက် မှုတွေ ဆက်လက် ဖြစ်ပေါ်လာမယ်ဆိုရင် စစ်တပ်က မဖြစ် မနေ ကြားဝင် လာရနိုင် တယ်လို့ ရုပ်မြင်သံကြားကနေ သတိပေးလိုက် ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လူ ၃ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြ သူတွေရဲ့ သပိတ်စခန်းကို လက်ပစ်ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့မှု ဖြစ်အပြီး သူက အခုလို ပြောလိုက်တာပါ။

ဒဏ်ရာရသူ အမျိုးသမီး တစ်ယောက်က ပြောရာမှာ လက်နက်တွေနဲ့ ပစ်ခတ်အပြီး ပထမ ပေါက်ကွဲသံ ကြားရတယ်၊ ဒုတိယ တစ်ခုက သူ့ကို ထိခဲ့တယ်၊ နောက်တော့ သေနတ်သံတွေ တဒိုင်းဒိုင်း ကြားရတော့တာပါပဲလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံတွေကလည်း လာမယ့်လမှာ နိုင်ငံအဝန်း ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကိုရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းရဖွယ်ရှိတယ်လို့ သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၆ လက စတင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ် အတည်းကို မကြာခင် ပြေလည်အောင် ဖြေရှင်းနိုင်မယ့် ပုံတော့ မရှိဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ဘန်ကောက်မြို့တော် ဆင်ခြေဖုံးမှာပိုမို ဖြစ်ပွားနေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ယာယီ ဝန်ကြီးချုပ် Niwatthamrong Boonsongphaisan နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ ဆွေးနွေးနေတဲ့ လေတပ် အခြေစိုက် စခန်းကို ထိုးဖောက် ဝင်ရောက်သွားခဲ့တဲ့ အတွက် ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ