မိုင်းတွင်း ပေါက်ကွဲမှုအပြီး တူရကီမှာ သပိတ်ဆင်နွှဲ

ဓာတ်ပုံ မူပိုင် AFP
Image caption လူ ၂၈၂ ဦး သေဆုံးကြောင်း အတည်ပြုပြီးဖြစ်

တူရကီ နိုင်ငံမှာ အဆိုးရွားဆုံး မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့တာကို တုံ့ပြန်တဲ့ အလုပ်သမား သမဂ္ဂတွေက တစ်ရက်ကြာ သပိတ် ဆင်နွှဲ နေချိန်မှာ နိုင်ငံ အနောက်ပိုင်း Izmir မြို့မှာ ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယို ဗုံးတွေ၊ မီးသတ် ပိုက်တွေနဲ့ ဖြိုခွဲခဲ့ပါတယ်။

ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်မချင်း မြို့လယ်မှာ ဆက်နေကြမယ်လို့ ဆန္ဒပြသူ ၅ ထောင်ကျော်က ပြောနေကြပါတယ်။

Istanbul, Diyarbakir နဲ့ တခြား မြို့တွေမှာလည်း အလားတူ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဆိုမာမြို့က မိုင်းတွင်း ပေါက်ကွဲမှုမှာ သေဆုံးသူ ၂၈၀ ရဲ့ အလောင်းတွေ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေရာကို သွားခဲ့တဲ့ တူရကီ သမ္မတ Abdullah Gul က ကျန်နေသေးတဲ့ မိုင်းလုပ်သား တစ်ရာကျော်ကို ကယ်ဆယ်ရေး လုပ်သားတွေက ဆက်လက် ရှာဖွေနေတယ်လို့ ပြောပါတယ်။

မကြာသေးခင် နှစ်တွေ အတွင်းက မိုင်းလုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပေးခဲ့တာကြောင့် မိုင်းလုပ်ငန်း ဘေးအန္တရာယ် ကင်းဝေးရေးမှာ လုပ်ဆောင်မှုတွေ အားနည်းခဲ့တယ်လို့ သမဂ္ဂ ခေါင်းဆောင်တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ