အငြင်းပွားရေပြင်မှာ တရုတ် ရေနံ ဆက်တူးမယ်

fang_fenghui_china ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ဦးစီးချူပ် ဗိုလ်ချူပ်ကြီး Fang Fenghui

တရုတ်ပြည်မကြီး နဲ့ ဗီယက်နမ်တို့ အကြား ပိုင်ဆိုင်မှု အငြင်းပွားနေ တဲ့၊ တောင်တရုတ် ပင်လယ်ပြင် ထဲက နေရာမှာ ထားရှိခဲ့ တဲ့၊ တရုတ်ရဲ့ ရေနံတူးစင် ဟာ၊ ဆက်လက် အလုပ်လုပ် တူးဖော်နေဦးမှာ ဖြစ်တယ် ဆိုပြီး၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရဲ့ ဦးစီးချူပ် ဗိုလ်ချူပ်ကြီး Fang Fenghui က ပြောလိုက်ပါတယ်။

ကိုယ့်ပိုင်နက် ရေပြင်မှာ တူးဖော်နေတာ ဖြစ်လို့၊ ဒါဟာ ဘာမှ မထူးဆန်း တဲ့ သမားရိုးကျ လုပ်ရပ် တစ်ခုပဲ ဖြစ်တယ် ဆိုပြီး ဗိုလ်ချူပ်ကြီး Fang က၊ သူ့ရဲ့ အမေရိကန် ခရီးစဉ် မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ ရေနံတူးစင် ထားရှိခဲ့လို့ ပဲ၊ ဗီယက်နမ်နိုင်ငံ မှာ၊ တရုတ် ဆန့်ကျင်ရေး အုံကြွမှု တွေ ပေါ်ပေါက်လာ ပြီး၊ တရုတ်ပိုင် စီးပွားရေး လုပ်ငန်းတွေ နဲ့ တရုတ် လုပ်သားတွေ အပေါ်၊ ပစ်မှတ်ထား တိုက်ခိုက်မှု တွေ ဖြစ်နေတဲ့ကြား က၊ ဒီလို ပြောဆို လိုက်တာပါ။

အခု တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှု အပေါ်၊ ဓမ္မဒိဌာန် ကျကျ ရှုမြင်ပါ ဆိုပြီးတော့ လည်း၊ အမေရိကန် အစိုးရ ကို တောင်းဆိုခဲ့ပါ တယ်။

အာရှဒေသ တွင်း၊ အမေရိကန် ရဲ့ ပတ်သက်မှု တွေ တိုးမြင့်လာနေမှု က ဒေသတွင်း တင်းမာမှုတွေ ပိုမို ဖြစ်လာစေတယ် လို့လည်း ဗိုလ်ချူပ်ကြီး Fang က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ