ထိုင်းနိုင်ငံရေး အထက်လွှတ်တော် ဦးဆောင်မယ်

  • 16 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိအစိုးရကို ဆန့်ကျင်သူတွေ မေ ၁၆ ရက်က လွှတ်တော်ရှေ့မှာ စုဝေးစဉ်။

ထိုင်းနိုင်ငံမှာ လပေါင်း ကြာရှည် ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်း ပြဿနာကို ထွက်ပေါက် ရှာနိုင်ရေး အတွက် အထက် လွှတ်တော်က ဦးစီး ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

နိုင်ငံရေး ပြဿနာတွေ ပြေလည် နိုင်စေရေး အတွက် လက်ရှိ အိမ်စောင့် အစိုးရ၊ အတိုက်အခံနဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံး အထက်လွှတ်တော်နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်း လိုက်ပါတယ်။

အခု လုပ်ဆောင်ချက်က နိုင်ငံရေး ထွက်ပေါက် ရှာတဲ့ နည်းလမ်း တစ်ရပ် ဖြစ်ပေမယ့် အောင်မြင်မှု ရဖို့ကတော့ ဘယ်သူတွေ ဘယ်လောက် ပူးပေါင်း ပါဝင်ကြမလဲ ဆိုတာအပေါ် မူတည်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ