ပေါ့လျော့မှုကို မိုင်းတွင်း ပိုင်ရှင်တွေ ငြင်းဆို

  • 16 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မိုင်းတွင်း ပေါက်ကွဲမှုကြောင့် လုပ်သား ၃၀၀ လောက် သေဆုံးခဲ့ရ

တူရကီ နိုင်ငံမှာ မိုင်းလုပ်သား ၃၀၀ လောက် သေဆုံးခဲ့ရတဲ့ မိုင်းတွင်း ပေါက်ကွဲမှုဟာ ပေါ့လျော့မှုကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ မိုင်းတွင်း ပိုင်ရှင်တွေက ငြင်းဆိုပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဆိုမာမြို့က မိုင်းတွင်း ကုမ္ပဏီ ကိုယ်စားလှယ်တွေက အသက်ရှင်နေသူတွေကို ကယ်ဆယ်ဖို့ ဦးစားပေး ဖြစ်ကြောင်း ပြောဆိုရင်း ပေါက်ကွဲမှုကို ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုခဲ့ကြပါတယ်။

မိုင်းတွင်းထဲမှာ ခိုအောင်း နေနိုင်စရာ နေရာ မရှိဘူး ဆိုတာကို လက်ခံခဲ့ပေမယ့် အဲဒီ မိုင်းတွင်းဟာ တူရကီမှာ ဘေးအကင်းဆုံးလို့ ပညာရှင်တွေက သဘောထားကြောင်းလည်း မိုင်းတွင်း ပိုင်ရှင်တွေက ပြောပါတယ်။

တူရကီ စွမ်းအင်ဝန်ကြီး Taner Yildiz က အဲဒီ မိုင်းတွင်းမှာ ဘေးအန္တရာယ် ကင်းဝေးရေး လုပ်ဆောင်မှုမှာ ပေါ့လျော့သူကတော့ အပြစ်ပေးခံရဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ