ယူကရိန်းအရှေ့ပိုင်း လူ့အခွင့်အရေး စိုးရိမ်ရဟု ဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဒွန်းညက်စ်မြို့ ဂိတ်တစ်ခုမှာ ရဲအရာရှိနဲ့ အတူတွေ့ရတဲ့ ရုရှားလိုလားသူ လက်နက်ကိုင်တစ်ဦး

ယူကရိန်း အရှေ့ပိုင်းမှာ လူ့အခွင့်အရေး အခြေအနေတွေ စိုးရိမ်စရာ ကောင်းလောက် အောင် ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂ စုံစမ်း စစ်ရေးမှူးတွေက ပြောပါတယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေက အကြမ်းဖက်မှုတွေ ဖြစ်လာကြပြီး သတင်းထောက်တွေနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို တိုက်ခိုက်မှု တွေကြောင့် ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ဥပဒေ စိုးမိုးမှု မရှိတဲ့ အခြေ အနေတွေ ပိုဆိုးလာနေတယ်လို့ ကုလ သမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေရဲ့ ပစ်မှတ်ထား သတ်ဖြတ်မှု၊ ညှဉ်းပမ်း နှိပ်စက်မှု၊ ထင်သလို ဖမ်းဆီးမှုတွေ လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေကို ကုလသမဂ္ဂ စောင့်ကြည့် လေ့လာသူတွေက မှတ်တမ်းတင် ထားတယ်လို့ ဆိုပါတယ်။

ရုရှားကတော့ ကုလသမဂ္ဂရဲ့ ဒီ အစီရင်ခံစာဟာ လုံးဝ မျှတမှု မရှိဘူးလို့ စွပ်စွဲပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ