အိန္ဒိယ ရွေးကောက်ပွဲ အနိုင်ရ BJP ပါတီအပေါ် စိန်ခေါ်မှုများ

  • 17 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာမိုဒီ အနေနဲ့ ရွေးကောက်ပွဲ ကတိတွေကို ဆောင်ရွက် ရမှာပါ

အခု အောင်ပွဲခံ နေကြတဲ့ BJP ပါတီအဖို့ အဓိက ရင်ဆိုင်ရမယ့် စိန်ခေါ်မှု တွေထဲမှာ စီးပွားရေးက ထိပ်ဆုံးမှာ ရှိနေ ပါလိမ့်မယ်။

အိန္ဒိယမှာ ငွေကြေး ဖောင်းပွမှုနဲ့ ကြုံနေရပြီး စီးပွားရေး အခြေအနေဟာ နှစ် ၂၀ အတွင်း အဆိုးဆုံး ကို ရောက်နေ ပါတယ်။

နာရန်ဒရာ မိုဒီ မဲဆွယ် ခဲ့စဉ်က ၂ ဘဏ္ဍာရေး စည်းကမ်းတွေ ကိုင်မယ်၊ ဘဏ်လုပ်ငန်း ပြုပြင်ရေး တွေ ဆောင်ရွက်မယ်လို့ ကတိပေး ထားတာ ရှိပါတယ်။

တဖက်မှာလည်း ကုန်ထုတ် လုပ်ငန်းနဲ့ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးအောင် လုပ်ပေးမယ် ဆိုပြီး ပြောထားတာ တွေကို ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။

အန္ဒိယမှာ နောက်ဆယ်နှစ်အတွင်း လူငယ် အလုပ်သမား သန်း ၁၀၀ လောက် တိုးလာဖို့ ရှိပါတယ်။

အခု အနိုင်ရတဲ့ ရွေးကောက်ပွဲ မှာလည်း ပထမဆုံး မဲထည့် သူ သန်း ၁၀၀ လောက်ရှိ ပြီးလူငယ်တွေက BJP ကိုမဲပေးခဲ့ကြပါတယ်။

သူတို့ဘဝတွေ မြင့်တက်ရေး၊ အလုပ်အကိုင် ရရှိ ရေး တွေဟာ အခု BJP ပါတီရဲ့ ပခုံးပေါ်ကို ရောက်လာ ပါပြီ။

အမျိုးသားရေး ဝါဒီဖြစ်တဲ့ နာရန်ဒရာမိုဒီဟာ အိမ်နီးချင်း နိုင်ငံ တွေနဲ့ ဆက်ဆံရာ မှာလည်း ကွန်ဂရက်စ် ပါတီ ထက်တော့ ပိုပြီး တင်းမာမယ့်ပုံ ရှိပါတယ်။ အထူးသဖြင့် ပါကစ္စတန်နဲ့ ဆက်ဆံ ရေးမှာပါ။

ဒါ့အပြင် ပြည်တွင်း မှာလည်း မူဆလင်နဲ့ အခြား လူနည်းစုတွေက သူအာဏာ ရလာတာကို စိုးရိမ်တဲ့ အပိုင်းရှိပါ တယ်။

၂၀၀၂ ခုနှစ်တုန်းက သူအုပ်ချုပ်တဲ့ ဂူဂျာရတ် ပြည်နယ်မှာ ဟိန္ဒူ တွေ လက်ချက်နဲ့ မူဆလင် ၁၀၀၀ ကျော် သေဆုံး ခဲ့ရတဲ့ ကိစ္စမှာ သူက ဘာမှ မလုပ်ဘဲ လက်ပိုက် ကြည့်နေတယ်လို့ စွပ်စွဲ ခံခဲ့ရပြီး အမေရိကန် ပြည်ထောင်စုက သူ့ကို ဗီဇာပိတ်ပင် ပြီးအရေးယူ ခဲ့ပါတယ်။

အခုတော့ သူက မူဆလင် တွေကို အကာအကွယ် ပေးမယ်လို့ ကတိပြု ထားပါတယ်။

ဘီဂျေပီ အနိုင် ရမှုဟာ အတိုက်အခံ ဖြစ်လာမယ့် အစိုးရဟောင်း ကွန်ဂရက် ပါတီကို အတော် အားနည်း သွားစေ ပါတယ်။

ဘီဂျေပီဟာ တော ရောမြို့ပါ နေရာအနှံ့ မဲရခဲ့ ပါတယ်။ ဒီတော့ လူထု ထောက်ခံမှုနဲ့ တက်လာတဲ့ ဘီဂျေပီ အစိုးရဟာ အိန္ဒိယ လူထုကို ဘယ်လို ပေါင်းစည်း အုပ်ချုပ်မလဲ ဆိုတာ ဟာလည်း နာရင်ဒရာမိုဒီ အစိုးရအတွက် နောက်ထပ် စမ်းသပ်မှု တခုဖြစ်ပါလိမ့်မယ်။