လစ်ဗျား ပါလီမန် တိုက်ခိုက်ခံရ။

  • 19 မေ 2014
လစ်ဗျားပါလီမန်ကို ဝင်တိုက်ခံရ ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားပါလီမန်ကို ဝင်တိုက်ခံရ

Tripoli မြို့ရှိ ပါလီမန်ကို လက်နက်ကိုင် တစုက တိုက်ခိုက်ခဲ့ပြီး ကြိုသတင်းရတဲ့အတွက် အဆောက်အဦးမှာ လူတွေမရှိဘဲ ရှောင်ထွက် နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှု အတွင်းလူ၂ယောက် သေပြီး လူ၅၀ ဒဏ်ရာရပါတယ်။ အမတ်တွေကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

ပါလီမန်အနေနဲ့ လုပ်ငန်းတွေရပ်ပစ်ပြီး အခြေခံဥပဒေ အသစ် ရေးနေတဲ့ အဖွဲ့ကိုအာဏာ အမြန်အပ်ဖို့လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က တောင်းဆိုပါတယ်။ အခုအခါ ပါလီမန်မှာ အစ္စလမ်ဝါဒီတွေ ကြီးစိုးနေတာကို မကြေနပ်တဲ့ လက်နက်ကိုင် အဖွဲ့တွေပေါင်း တိုက်တာလည်း ဖြစ်နိုင်ကြောင်း သတင်းထောက် တွေက ပြောသွားပါတယ်။

မြို့တော်ရဲ့ တခြားနေရာတွေမှာ လူတွေအပြေးအလွှား အိမ်ပြန်ကြလို့ လမ်းတွေပိတ်ကုန်ပါတယ်။ လက်နက်ကိုင်တွေဟာ ပါလီမန်ကို ဝင်တိုက်ပြီး ချက်ခြင်း လေဆိပ် လမ်းမကြီးကနေ သူတို့ အခြေစိုက်တဲ့စခန်းကို ပြန်ဆုတ်ခွာပါတယ်။

Tripoli မြို့မှာ အင်အားကြီးတဲ့ လက်နက်ကိုင် အဖွဲ့တွေ အများအပြားရှိပါတယ်။ အရင်က လည်းပါလီမန်ကို လာပစ်တာမျိုး ရှိပေမယ့် ဒီတခေါက်က တော့တိုင်းပြည် အခြေအနေ တင်းမာ ချိန်မျိုးမှာ ဖြစ်သွားတာပါ။ အခုတိုက်ခိုက်မှုကို အစိုးရရော စစ်တပ်ကပါ ရှုတ်ချလိုက်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က အာဏာရှင်ဟောင်း မော်မာ ကဒါဖီကို ဖြုတ်ချ ခံခဲ့ရပြီး လက်နက်ကိုင်တွေ အချင်းချင်း အားပြိုင်နေ ကြတယ်လို့ ထရီပိုလီရှိ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ