အန္တာတိက ရေခဲပြင် အရေပျော်မှု ၂ ဆတိုး

  • 19 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရေခဲပြင် အရေပျော်မှု လွန်ခဲ့တဲ့ ၄ နှစ်ကထက် ၂ ဆနှုန်း ပိုများနေ

ကမ္ဘာ့ တောင်ဝင်ရိုးစွန်း အပိုင်းဖြစ်တဲ့ အန္တာတိက ဒေသ ရေခဲပြင်တွေ အရည် ပျော်မှုဟာ နှစ်စဉ် တန်ချိန် ၁၆၀ ဘီလျံ လောက်ရှိနေပြီး ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်က လေ့လာ တွေ့ရှိချက်ထက် ၂ ဆလောက် များနေတယ်လို့ အစီရင်ခံစာ တစ်ခုက ဆိုပါတယ်။

ဒီအတွက် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုနဲ့ ကမ်းခြေဒေသ နေထိုင်သူတွေကို ထိခိုက်မှုတွေ ဖြစ်စေတယ် လို့လည်း အစီရင်စာက ပြောပါတယ်။

ဥရောပ အာကာသ အေဂျင်စီရဲ့ Cryosat အာကာသယာဉ်က ရေဒါကနေ အဲဒီ ရေခဲပြင်တွေ ပြောင်းလဲတာကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အမေရိကန် အာကာသ လေ့လာရေး အေဂျင်စီ နာဆာရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သုတေသနပြုချက်မှာလည်း အန္တာတိက ရေခဲတောင်ကြီးတွေ အားလုံး အရည်ပျော်သွားမယ် ဆိုရင် ပင်လယ် ရေမျက်နှာပြင်ဟာ ၁ မီတာ ကျော် မြင့်တက် လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ