ဆာ့ဗ် စစ်ခေါင်းဆောင်အတွက် သက်သေ စတင် ခုခံ

  • 19 မေ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption စစ်ရာဇဝတ်မှုတွေနဲ့ စစ်ဆေးခံနေရသူ ဘော့စနီးယား ခေါင်းဆောင်ဟောင်း Ratko Mladic

ဘော့စနီးယား ဆာ့ဗ် စစ်ခေါင်းဆောင်ဟောင်း Ratko Mladic ကို စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ ဟေ့ဂ်မြို့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ စစ်ဆေးနေရာမှာ အခုတော့ သူ့ဘက်က သက်သေက ပထမဆုံး ခုခံ ထွက်ဆိုခဲ့ပါတယ်။

မစ္စတာ မလာဒစ်ချ်ကို ဘော့စနီးယား စစ်ပွဲအတွင်း ဆာရာဂျေဘို မြို့မှာ အရပ်သားတွေ အပေါ် ဗုံးကြဲတာတွေနဲ့ ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ် ခဲ့တာတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

ယူဂိုဆလပ် စစ်တပ်က ဒုတိယ တပ်မှူးကြီး တစ်ဦးဖြစ်တဲ့ မိုင်းလ် ဆလက်ဒိုရ် Mile Sladoje က မစ္စတာ မလာဒစ်ချ် ဘက်ကနေ သက်သေထွက်ဆိုခဲ့တာ ဖြစ်ပြီး၊ သူက ပြောရာမှာ ချောင်းမြောင်း ပစ်ခတ်စရာ စနိုက်ဘာ သေနတ်တွေ သူရဲ့ တပ်ဖွဲ့တွေမှာ မရှိခဲ့ဘူးလို့ ထွက်ဆိုသွားပါတယ်။

ယူဂိုဆလပ် စစ်တပ်ဟာ အဲဒီတုန်းက ဘော့စနီယား မြို့တော် ဆာရာဂျေဗိုကို ၃ နှစ်ကြာ သိမ်းယူထားတာ ဖြစ်ပါတယ်။

ရန်သူတွေက တိုက်ခိုက်လာတဲ့ အခါမှသာ ပစ်မိန့် ရထားခဲ့တာ ဖြစ်တယ်လို့လည်း မိုင်းလ် ဆလက်ဒိုရ် က ထွက်ဆိုသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ