ကာကွယ်ဆေး အလုပ်တွေ CIA အသုံးမချတော့ဟုဆို

  • 20 မေ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ပါကစ္စတန်မှာ ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးစဉ်။

အမေရိကန် CIA ဗဟို ထောက်လှမ်းရေး အဖွဲ့ ရဲ့ လျှို့ဝှက် စုံစမ်း ထောက်လှမ်းမှုတွေကို ကာကွယ်ဆေးထိုး အစီအစဉ်တွေကို အသုံးချ လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် ထိပ်တန်း အရာရှိ တစ်ယောက်က ပြောပါတယ်။

ပါကစ္စတန် နိုင်ငံအတွင်း လူထုကျန်းမာရေး အစီအစဉ်အတွက် အကူအညီပေးမှုတွေကို ဘန်းပြပြီး CIA က အိုစမာ ဘင်လာဒင်ကို ရှာဖွေရာမှာ အသုံးချခဲ့တယ်လို့ အမေရိကန် ကျန်းမာရေး ဝန်ထမ်းတွေက မကျေမနပ် တိုင်တန်းခဲ့အပြီးမှာ အခုလို ဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့တာပါ။

၂၀၁၁ ခုနှစ်တုန်းက အိုစမာ ဘင်လာဒင်နဲ့ ပတ်သက်မှု ရှိတယ်လို့ ယူဆတဲ့ ကလေးငယ်တွေရဲ့ DNA နမူနာတွေကို အသည်းရောင် ရောဂါ ကာကွယ်ဆေးထိုး စီမံကိန်းကနေ တဆင့် ရယူဖို့ CIA က ကြိုးပမ်းခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာ ကာကွယ်ဆေးပေး စီမံကိန်းဟာ လျှိုဝှက် ထောက်လှမ်းမှုရဲ့ ရှေ့ပြေး ဆိုပြီး ပါကစ္စတန် တာလီဘန်တွေက ပိုလီယို ကာကွယ်ဆေး ပေးရေး စီမံကိန်းကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ