ထိုင်းမှာ စစ်တပ်က မာရှယ်လော ကြေညာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် Prayuth Chan-ocha သတင်းစာ ရှင်းလင်းစဉ်။

ထိုင်းနိုင်ငံမှာ လပေါင်းများစွာ နိုင်ငံရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းစစ်တပ်က မာရှယ်လော ကြေညာခဲ့ပြီး စစ်သားတွေကို လမ်းတွေပေါ်မှာ ချထား လိုက်ပါတယ်။

လောလောဆယ်မှာ စစ်တပ်က အာဏာကို သိမ်းကျုံး ယူထားပြီး ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာနတွေကို ပိတ်ထားပါတယ်။ ဒါပေမယ့် ဒါဟာ စစ်တပ်က အာဏာသိမ်းတာတော့ မဟုတ်ကြောင်း အခိုင်အမာ ပြောနေပါတယ်။

ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် နိဖတ်ထမ်းရုံး ဘွန်းစုံးဖိုင်းစန် ကတော့ စစ်တပ်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင် အတွင်းကနေ အကြမ်းမဖက်တဲ့ နည်းနဲ့ လုပ်ဆောင်ဖို့ တိုက်တွန်း လိုက်ပါတယ်။

စစ်အုပ်ချုပ်ရေး ဥပဒေ ကြညာမယ် ဆိုတာ သူ့အစိုးရကို ကြိုတင် အသိပေးဖြင်း မရှိခဲ့ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီလုပ်ဆောင်မှုက ထိုင်းနိုင်ငံရဲ့ အခြေခံ နိုင်ငံရေး ပြသနာကို ဖြေရှင်းနိုင်ဖွယ် မရှိဘူးလို့ သတင်းထောက်တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ