လျှို့ဝှက်ချက် ခိုးယူမှု တရုတ် ၅ ဦးကို စွဲချက်တင်

ဓာတ်ပုံ မူပိုင် FBI
Image caption FBI က ထုတ်ပြန်ထားတဲ့ တရုတ်အရာရှိ ၅ ဦး။

အမေရိကန်ရဲ့ စီးပွားရေး ဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူမှုနဲ့ တရုတ်စစ်တပ် အရာရှိ ၅ ယောက်ကို စွဲချက်တင်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရှိ အမေရိကန် သံအမတ်ကြီးကို တရုတ် အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ မဟုတ်မမှန် လုပ်ကြံ ပြောဆိုတယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။

တရုတ် ကာကွယ်ရေး ဌာနကလည်း အမေရိကန်ဟာ သူတော်ကောင်းယောင် ဆောင်ပြီး စံသတ်မှတ်ချက် နှစ်မျိုး ထားရှိတယ်လို့ စွပ်စွဲပါတယ်။

အရေးယူခံရတဲ့ တရုတ် အရာရှိတွေဟာ ရှန်ဟိုင်းမှာ ရှိတဲ့ တရုတ် စစ်တပ် အခြေစိုက် စခန်းက လျှို့ဝှက် သီးသန့်ဌာနက ဖြစ်တယ်လို့ အမေရိကန်က ယူဆပါတယ်။

အဲဒီ ၅ ယောက်စလုံး တရုတ်နိုင်ငံမှာ ရှိနေတယ်လို့ ယူဆရပြီး ကြားနာ စစ်ဆေးမှု အတွက် အမေရိကန်ကို လွှဲပြောင်း ပေးဖွယ်ရာ မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ