နိုင်ဂျီးရီးယား ဗုံးပေါက်မှု ၂ ခု လူရာကျော်သေ

ဓာတ်ပုံ မူပိုင် AP
Image caption ဗုံးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အဉီးပျက် တွေ အောက်မှာ လူသေအလောင်းတွေ ထပ်တွေ့ဘွယ် ရှိတယ်လို့ စိုးရိမ်နေ

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Jos မြို့မှာ ဗုံးပေါက်ကွဲမှု ကြီး နှစ်ခု ဖြစ်ပွားခဲ့အပြီး အခုအခါ သေဆုံးသူ အလောင်း ၁၁၈လောင်း တွေ့ရှိထားတယ်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု ပြင်းအားကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံပျက်တွေ အောက်မှာ နောက်ထပ် လူသေအလောင်းတွေ ထပ်ရှိကောင်း ရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒီဖေါက်ခွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ထုတ်ဖော် ဝန်ခံတာမျိုး မရှိသေးပါဘူး။

ဒါပေမယ့် ဒီဖေါက်ခွဲမှုဟာ ဘိုကို ဟာရမ် အစ္စလာမစ် လက်နက်ကိုင် အုပ်စုရဲ့ အရင်တိုက်ခိုက်မှုတွေနဲ့ ဆင်တူနေတာ တွေ့ရပါတယ်။

သမ္မတ Goodluck Jonathan က ဒီတိုက်ခိုက်မှုအပေါ် ရှုတ်ချ ပြောဆိုလိုက်ပြီး အကြမ်းဖက်မှုတွေကို ဆက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ