ကျောင်းသူတွေ ပြန်လွတ်ဖို့ ကျောင်းဆရာတွေ ဆန္ဒပြ

  • 22 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကျောင်းသူတွေဟာ မြောက်ပိုင်းက ဘိုနိုပြည်နယ်မှာ အဖမ်းခံထားရဟု ယူဆရ

အရင်လက ဘိုကိုဟာရမ် စစ်သွေးကြွတွေ ပြန်ပေးဆွဲသွားတဲ့ ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးရေး အတွက် နိုင်ဂျီးရီးယား နိုင်ငံတဝှမ်းက ကျောင်းဆရာတွေ ဆန္ဒပြနေကြ ပါတယ်။

စစ်သွေးကြွတွေ သတ်ဖြတ် ခံရတဲ့ ကျောင်းဆရာ ၁၇၃ ယောက် အတွက်လည်း ချီတက် အလေးပြု ကြမယ်လို့ ကျောင်းဆရာများ သမဂ္ဂက ပြောကြား ပါတယ်။

မြို့တော် အဘူဂျာက သမ္မတ အိမ်တော်ထိ ချီတက် ဆန္ဒပြကြဖို့လည်း ကမ်ပိန်း အဖွဲ့တွေက စီစဉ်နေကြပါတယ်။

မိန်းကလေးတွေ ပြန်လွတ်ရေး ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန် နဲ့ တွေ့ခွင့်ရဖို့လည်း သူတို့က မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ