ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီ

  • 22 မေ 2014
bangkok ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ သိမ်းကြောင်း ကြေညာ

လနဲ့ချီ မတည်ငြိမ် ဖြစ်နေတဲ့ ထိုင်းမှာ အာဏာ သိမ်းလိုက် ပြီး ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက ထိုင်း အစိုးရ ရုပ်သံ က ဦးဆောင် ကြေညာ ခဲ့ပါတယ်။

တိုင်းပြည်တွင်း တည်ငြိမ် အေးချမ်းရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ အတွက် ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်၊၊

ထိုင်းကြားဖြတ် အစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို တပ်ကို လာသတင်းပို့ဖို့ အမိန့်ထုတ် ထားပါတယ်။

အင်္ဂါနေ့ ထဲက ထိုင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာ ထားပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ အဖွဲ့ ၇ ဖွဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ၂ နာရီ ကြာ ဆွေးနွေးပေမယ့် သဘော တူညီချက် မရတဲ့နောက်ပိုင်း ဆွေးနွေးပွဲ တက်တဲ့ ခေါင်းဆောင် ၇ ဖွဲ့လုံးကို စစ်တပ်က ထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ပါတယ်။

အမျိုးသား တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရေး အဖွဲ့လို့ အာဏာသိမ်း အစိုးရ ကို အမည်ပေး ထားပါတယ်။

ဘန်ကောက် မြို့တော် အနှံ့က သပိတ် စခန်း တွေကို ဖြိုခွဲဖို့ စစ်သား တွေကို တပ်ဖြန့် နေပြီ ဖြစ်ပြီး နေဝင်မီးငြှိမ်း အမိန့်ကိုလည်း တနိုင်ငံလုံး ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ