ဖိလစ်ပိုင်နဲ့ အင်ဒို ရေပြင် ပိုင်နက်မျဉ်း သဘောတူ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရေပြင် နယ်နိမိတ်ကို ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား လက်မှတ်ထိုးစဉ်

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံကြားမှာ ဘယ်နေရာကို ရေပိုင်နက် နေရာ သတ်မှတ်မယ် ဆိုတဲ့ နှစ်ပေါင်း ၂၀ ကြာ အငြင်းပွား နေခဲ့မှုကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ကတော့ ဒါဟာ အချုပ်အခြာ ပိုင်ဆိုင်မှုကို အင်အားမသုံးဘဲ ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့ နမူနာကောင်း တစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင် သမ္မတ ဘန်နစ်ဂ်နို အာကွီနို Benigno Aquino ကလည်း သူ့နိုင်ငံ အနေနဲ့ ရေပြင်ပိုင်နက် အငြင်းပွားမှုကို တရားဥပဒေနဲ့ အညီ ငြိမ်းချမ်းတဲ့ နည်းနဲ့သာ အဆုံးသတ် လိုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အာရှ ဒေသဟာ နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ တိုးပွားလာနေတဲ့ ဒေသဖြစ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံဟာ တရုတ်နဲ့ ထိစပ်နေတဲ့ ရေပြင် နယ်စည်းမျဉ်း ကိစ္စမှာတော့ လောလောဆယ် ခါးသီးတဲ့ အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ