အာဆတ် ထောက်ခံသူတွေ ပစ်ခတ်ခံရ ၂၀ ကျော်သေ

Image caption Deraa မြို့က လူထုစည်းဝေးပွဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ

ဆီးရီးယားက လာတဲ့ သတင်းတွေ အရ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ထောက်ခံသူတွေရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ လူထု စည်းဝေးပွဲကို သူပုန်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၂၀ ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆီးရီးယား သတင်းမီဒီယာမှာတော့ ကြာသပတေးနေ့ ညက ဒါရား Deraa မြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ လူထုစည်းဝေး ပွဲမှာ မစ္စတာ အာဆတ် ရှိမနေခဲ့ဘူးလို့ ပြောပါတယ်။

ဗြိတိန် အခြေစိုက် ဆီးရီးယား လှုပ်ရှားမှု အဖွဲ့ the Syrian Observatory for Human Rights အဖွဲ့ကတော့ အဲဒီ တိုက်ခိုက်မှုကို အစ္စလာမ်မစ် သူပုန် အဖွဲ့က လုပ်တာလို့ ပြောပါတယ်။

သေဆုံးသူ အတော်များများဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ